မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း နှင့် DUMEX တို့ပူးပေါင်း၍ Education Program Zoom Webinar ကျင်းပ

Oct 29, 2020 | News | 0 comments

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း နှင့် DUMEX တို့ပူးပေါင်း၍ Education Program Zoom Webinar
ကို၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်နေ့မွန်းလွဲ ၁နာရီမှ ၂နာရီ ၂၅ မိနစ်အထိ သူနာပြုသားဖွားအေးရိပ်ငြိမ်ရှိ Education Centre တွင်ကျင်းပသည်။ အခမ်းအနားတွင် အသင်းဥက္ကဌ ပါမောက္ခ ဒေါ်ရင်မြနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ DUMEX မှ တာဝန်ရှိပုဂ္ဂိိုလ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ သူနာပြုနှင့်သားဖွားအသင်းအဆင့်ဆင့်မှ အသင်းဝင် သူနာပြုများ၊ အမျိုးသမီး ကျန်းမာရေးဆရာများ၊ ဘက်စုံသားဖွားဆရာမများ တက်ရောက်ကြသည်၊ ဆွေးနွေးဟောပြောပွဲတွင် အသင်းဒုတိယဥက္ကဌဒေါ်ခင်မာကြည်က The Role of Nurse and Midwife in Nutritional Care ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အာဟာရပညာရှင် ဒေါက်တာညီညီကျော်က The Role of LcFos ခေါင်းစဉ်ဖြင့် လည်းကောင်းဟောပြောဆွေးနွေးကြသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *