မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် Nestle Co.Ltd ၏ ကူညီပံ့ပိုးမှုကိုရယူ၍ ကရင်ပြည်နယ်သူနာပြုနှင့်သားဖွားအသင်းနှင့် ပူးပေါင်းကာ “စဉ်ဆက်မပြတ်သူနာပြု၊သားဖွား ပညာရေး ဟောပြောဆွေးနွေးပွဲ(CNME)” အစီအစဉ်အဖြစ် Nutrition Talk အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့၊သီရိဘားအံဟိုတယ်၌ ၂၉-၂-၂၀၂၀ ရက်နေ့၊ နံနက်(၉)နာရီတွင် စတင်ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားတွင် အသင်းဥက္ကဌပါမောက္ခဒေါ်ရင်မြနှင့် ကရင်ပြည်နယ်ဌာနဆိုင်ရာအကြီးအကဲများက အမှာစကားအသီးသီးပြောကြားကြသည်။ Nutrition Talk အစီအစဉ်သို့ ကရင်ပြည်နယ်သူနာပြုနှင့်သားဖွားအသင်းဥက္ကဌနှင့် ပြည်နယ်အလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ မွန်ပြည်နယ် သူနာပြုနှင့်သားဖွားအသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ အသင်းဝင်များ တက်ရောက်ကြပြီး၊ တစ်ရက်တာ Education Program (CNME) အစီအစဉ်အဖြစ် အသင်းဒုတိယဥက္ကဌပါမောက္ခဒေါ်သိန်းသိန်းကြည်နှင့် ဗဟိုအလုပ်အမှုဆောင်ဒေါ်ကျန်ခိုင်တို့ကလည်းကောင်း၊ Nutrition Talk ကို စာတွေ့လက်တွေ့များဖြင့် အာဟာရပညာရှင်ဒေါက်တာညီညီကျော်ကလည်းကောင်း ဆွေးနွေးဟောပြောကြသည်။ လက်တွေ့အစီအစဉ်ကို အုပ်စုလိုက်ပြိုင်ပွဲအသွင်ဖြင့် ဆောင်ရွက်ကြပြီး ဆုရရှိသည့်အဖွဲ့များကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ကြကာ ညနေပိုင်းတွင် Nutrition Talk အစီအစဉ်များ အောင်မြင်စွာ ရုတ်သိမ်းလိုက်သည်။
Nutrition Talk Hpa An 2020
0 Comments