USAID နှင့် Jhpiego (Essential Health Project) အကူအညီဖြင့် ပြုလုပ်သော MNMA’s Strategic Plan ၂၀၂၀ – ၂၀၂၅ မိတ်ဆက်ခြင်းနှင့် အသိပေးမျှဝေခြင်း အခမ်းအနားပုံရိပ်များ

Dec 23, 2020 | News | 0 comments

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းက USAID, Jhpiego (Essential Health Project)၏ ဦးဆောင်အားပေးကူညီမှုဖြင့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပလျှက် ဆောင်ရွက်ခဲ့သော Myanmar Nurse and Midwife Association’s Strategic Plan 2020-2025 မိတ်ဆက်ခြင်းနှင့်အသိပေးမျှဝေခြင်း အစီအစဉ်ကို ဒဂုံမြို့သစ် (တောင်ပိုင်း)၊ သူနာပြုအေးရိပ်ငြိမ်ဝင်းအတွင်းရှိ Education Centre ခန်းမ၌ Virtual
Platform (Zoom) ဖြင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပသည်။ အစီအစဉ်တွင် အသင်းဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ USAID နှင့် Jhpiego (Essential Health Project) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ သူနာပြုနှင့် သားဖွားအသင်း အသီးသီးမှ သူနာပြုသားဖွားအရာရှိများ၊ အသင်းအဆင့်ဆင့်တာဝန်ရှိသူများ၊ စိတ်ပါဝင်စားသူ အသင်းဝင်သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများနှင့်ဘက်ဆုံသားဖွားဆရာများ ပါဝင်တက်ရောက်ကြသည်။

USAID နှင့် Jhpiego (Essential Health Project) အကူအညီဖြင့် ပြုလုပ်သော MNMA’s Strategic Plan ၂၀၂၀ – ၂၀၂၅ မိတ်ဆက်ခြင်းနှင့် အသိပေးမျှဝေခြင်း (21 Dec 2020) အခမ်းအနားပုံရိပ်များ

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *