မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် Nestle ကုမ္ပဏီနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ်သူနာပြုသားဖွားပညာရေးအစီအစဉ်အဖြစ် HMO, Important Factor for Development of Immune, Brain and Digestive System in Children Webinar ကို ရန်ကုန်မြို့၌ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသည်။ အခမ်းအနားသို့ Nestle ကုမ္ပဏီတာဝန်ရှိသူများ၊ အသင်းဥက္ကဌ(၁) ပါမောက္ခဒေါ်သိန်းသိန်းကြည်နှင့် ဗဟိုအမှုဆောင်များ တက်ရောက် ပြီး ဒုဥက္ကဌ(၁) ပါမောက္ခဒေါ်သိန်းသိန်းကြည်က အမှာစကားပြောကြားသည်။ ထိုနောက် အာဟာရပညာရှင်ဒေါက်တာညီညီကျော်က HMO, Important Factor for Development of Immune, Brain and Digestive System in Children ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။ ပြည်နယ်နှင့်တိုင်းများရှိ သူနာပြုနှင့်သားဖွားအသင်းအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ အလုပ်အမှုဆောင်များ၊ အသင်းဝင်များနှင့်အပြန်အလှန် မေးမြန်းဆွေးနွေးကြပြီး ဒေါ်ဖူးပွင့်သင်းက Immunity, Growth and Development ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။ ဆက်လက်၍ Noel Myint (နိုဝယ်မြင့်) ၏ Zomba Class အစီအစဉ်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကာ ဟောပြောဆွေးနွေးပွဲ အစီအစဉ်ကို အောင်မြင်စွာရုပ်သိမ်းသည်။ မှတ်ပုံတင်စာရင်းသွင်း၍ ဆွေးနွေးပွဲတက်ရောက်သူများအား Nestle Co.Ltd က အမှတ်တရဂုဏ်ပြုလက်ဆောင်များကို ပေးပို့ဂုဏ်ပြုသည်။
မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း နှင့် Nestle တို့ပူးပေါင်း၍ Education Program Zoom Webinar ကျင်းပ
0 Comments