မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း နှင့် မြန်မာနိုင်ငံဆရာဝန်များအသင်း (GP Society)။ Universitata Kunikum တို့ပူးပေါင်း၍ Psychosomatic Basic Care Training (Second Intake) 2020-2021 ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း။

Feb 27, 2020 | News | 0 comments

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း နှင့် မြန်မာနိုင်ငံဆရာဝန်များအသင်း (GP Society)၊ Universitata Kunikum တို့ပူးပေါင်း၍ Psychosomatic Basic Care Training (Second Intake) 2020-2021 ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ဆေးတက္ကသိုလ်(၁) ခန်းမဆောင်သစ်တွင် ၂၇-၂-၂၀၂၀ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပရာ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံဆရာဝန်များအသင်း (GP Society) နှင့် ဂျာမဏီနိုင်ငံ Universitats Kunikum တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းတက်ရာက်ကြမည့် ဆရာဝန်များ၊ သူနာပြုများ တက်ရောက်ကြသည်။ ဖွင့်ပွဲအခမ်အနားတွင် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း ဥက္ကဌ၊ မြန်မာနိုင်ငံဆရာဝန်များအသင်း (GP Society) ဥက္ကဌ၊ ဂျာမဏီနိုင်ငံ Universitats Kunikum မှ တာဝန်ရှိသူတို့က အဖွင့်အမှာစကား ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားအပြီးတွင် စုပေါင်းအမှတ်တရ ဓာတ်ပုံများ ရိုက်ကာ အခမ်းအနားကိုရုပ်သိမ်းသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *