မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် စဉ်ဆက်မပြတ်သူနာပြုသားဖွားပညာရေး ဟောပြောဆွေးနွေးပွဲ (CNME) များကို ဆောင်ရွက်လျှက်ရှိရာ ၂၀၂၀ ခုနှစ်၊ ဇူလှိုင်လ ၂၆ ရက်နေ့မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ Emotional Health ခေါင်းစဉ်ဖြင့် Zoom Webinar ကို ဆောင်ရွက်ကျင်းပသည်။ ဦးဆောင်ဆွေးနွေးသူ ဒေါက်တာ ဖြိုးသီဟ က Emotional Health ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး အစီအစဉ်အရ ပြည်နယ်နှင့် တိုင်းအသီးသီးက တက်ရောက်ကြသူ အသင်းဝင်များကို Lucky Draw ကံထူးရှင်ရွေးချယ်ကံစမ်းပေးပြီး ဂုဏ်ပြုဆုများပေးပို့ကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းသည်။
မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း နှင့် United Pharmaceutical Co.Ltd (Decolgen) တို့ပူးပေါင်း၍စဉ်ဆက်မပြတ်သူနာပြုသားဖွားပညာရေးဆွေးနွေးပွဲ (CNME) ကျင်းပ
0 Comments