မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ DUMEX နှင့်ပူးပေါင်း၍ Nutritional Management in COVID-19 Patient ခေါင်းစဉ်ဖြင့် CNME ကျင်းပ

Jul 9, 2020 | News | 0 comments

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ ပညာရေးလုပ်ငန်းအဖွဲ့ကကြီးမှူး၍ DUMEX ကုမ္ပဏီနှင့် ပူးပေါင်းကာ စဉ်ဆက်မပြတ်သူနာပြုသားဖွားပညာရေးဟောပြောဆွေးနွေးပွဲ (CNME) ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့ မွန်းလွဲ ၁ နာရီတွင် သူနာပြုသားဖွား အေးရိပ်ငြိမ် Education Centre မှနေ၍ Education Program Zoom Webinar ဖြင့်ပြုလုပ်သည်။ ဖွင့်ပွဲအခမ်းအနားတွင် အသင်းဥက္ကဌပါမောက္ခဒေါ်ရင်မြက ပြောကြားပြီး ပထမဦးစွာ အသင်းဒုတိယဥက္ကဌ(၁) ပေါမောက္ခဒေါ်သိန်းသိန်းကြည်က How to be
safe in work during COVID-19 period ခေါင်းစဉ်ဖြင့် စိတ်ဝင်စားဖွယ်ရာ ဆွေးနွေးဟောပြောသည်။ ထို့နောက် အာဟာရအထူးကုဆရာဝန်ကြီး ဒေါ်ဝင်းဝင်းမြင့် က Nutritional Management in COVID-19
Patients ခေါင်းစဉ်ဖြင့် အကျယ်တဝင့် ဆွေးနွေးဟောပြောသည်။ ဆက်လက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ အသင်းဝင်သူနာပြု၊ အမျိုးသမီးကျန်းမာရေးဆရာမနှင့် ဘက်စုံသားဖွားဆရာမများနှင့် အမေးဖြေကဏ္ဍလုပ်ပြီး အစီအစဉ်များပြီးမြောက်ကြောင်းကြေညာသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *