မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း စဉ်ဆက်မပြတ်သူနာပြု၊သားဖွားပညာရပ်အစီအစဉ် Create Your Own Brand ခေါင်းစဉ်ဖြင့် ကျင်းပခြင်း။

Jul 2, 2020 | News | 0 comments

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း စဉ်ဆက်မပြတ်သူနာပြု၊သားဖွားပညာရပ်အစီအစဉ်များကို တစ်နှစ်လျှင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၆ခုမှ ၁၀ ခုအထိ သက်ဆိုင်ရာသူနာပြုနှင့်သားဖွားအသင်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ COVID-19 စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာပြီး Online မှနေ၍ အသင်း၏ပညာရေးလုပ်ငန်းအဖွဲ့က ဆောင်ရွက်နေသော စဉ်ဆက်မပြတ်သူနာပြု၊သားဖွားပညာရပ်အစီအစဉ်များကို သူနာပြု၊သားဖွားသင်တန်းသား၊ သင်တန်းသူများအတွက် Education
Talk for Nursing and Midwifery Student အဖြစ် ဒေါက်တာဖြိုးသီဟက Create Your Own Brand ခေါင်းစဉ်ဖြင့်ဆွေးနွေးဟောပြောမည့် Zoom Education Talk ကို DUMEX အကူအညီဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ ည ၇နာရီ မှ ၈နာရီ ၃၀မိနစ် အထိ ကျင်းပဆောင်ရွက်သည်။ ထိုသို့ကျင်းပရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ ခွင့်ပြုချက်ရယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ သူနာပြု၊သားဖွားသင်တန်းကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ ၃၀၀ ဦးခန့် တက်ရောက်လေ့လာသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *