မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း နှင့် United Pharmaceutical Co.Ltd(Biogesic and Atussin) တို့ပူးပေါင်း၍ စဉ်ဆက်မပြတ်သူနာပြုသားဖွားပညာရေးဆွေးနွေးပွဲ ကျင်းပ

Aug 26, 2020 | News | 0 comments

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း နှင့် United Pharmaceutical Co.Ltd(Biogesic and Atussin) တို့ပူးပေါင်း၍ စဉ်ဆက်မပြတ်သူနာပြုသားဖွားပညာရေးဆွေးနွေးပွဲ ကျင်းပ (၈-၈-၂၀၂၀)
မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၏ပညာရေးအစီအစဉ်အရ စဉ်ဆက်မပြတ်သူနာပြုသားဖွားပညာရေး ဟောပြောဆွေးနွေးပွဲ (CNME) Nurses Symposium, Zoom Webinar ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့မွန်းလွဲ ၁ နာရီ မှ ၃ နာရီ အထိ သူနာပြုသားဖွားအေးရိပ်ငြိမ်ရှိ Eduational Centre ၌ကျင်းပရာ United Pharmaceutical Co.Ltd(Biogesic) မှတာဝန်ရှိသူတစ်ဦးက မိတ်ဆက်စကား ပြောကြားပြီး အသင်းဥက္ကဌပါမောက္ခဒေါ်ရင်မြ က အဖွင့်အမှာစကားပြေကြားဖွင့်လှစ်ပေးသည်။ ဆွေးနွေးဟောပြောသူ Emeritus Professor ဒေါက်တာဖေသက်ခင်က Post-COVID New Noemal in Primary Health Care ခေါင်းစဉ်ဖြင့် စိတ်ဝင်စားဖွယ်ရာ ဟောပြောဆွေးနွေးသည်။ ဆွေးနွေးပွဲအပြီးတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဆွေးနွေးပွဲတက်ရောက်သူများပါဝင်သော အမေးအဖြေကဏ္ဍနှင့် ကုမ္ပဏီ၏ Product Presentation ကိုလည်းကောင်း၊ Game အစီအစဉ်နှင့် သရုပ်ဆောင်အဆိုတော် ရဲလေး ၏ တေးသံသာဖျော်ဖြေရေးဖြင့်လည်းကောင်း၊ Lucky Draw အစီအစဉ်ဖြင့်လည်းကောင်း ပျော်ရွှင်စွာကျင်းပသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *