မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း(၅၄)ကြိမ်မြောက် ညီလာခံ ကျင်းပခြင်း

Venue Hall Yangon, Yangon, Myanmar

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် အသင်း၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြဌာန်းချက်အရ အသင်း၏နှစ်ပတ်လည်အစည်းအဝေးကို ၁နှစ်လျှင် တစ်ကြိမ် ကျင်းပရပြီး ညီလာခံကို ၄နှစ်လျှင် တစ်ကြိမ်ကျင်းပရသည်။ ထူးခြားချက်မှာ ညီလာခံတွင် ဗဟိုအုပ်အမှုဆောင်အဖွဲ့ကို ဗဟိုရွေးချယ်တင်မြောက်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒီမိုကရေးစီနည်းလမ်းတကျ ရွေးချယ်တင်မြှောက်ရသည်။ လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ ပဌာန်းချက်များအရ အထူးအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။ ၂၀၀၉ခုနှစ်သည် အသင်း၏ ၅၄ ကြိမ်မြောက်ညီလာခံကို ကျင်းကရမည့် နှစ်ဖြစ်သဖြင့် ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့မှ ၂၇ရက်နေ့ထိ ညီလာခံကျင်းပခဲ့ရာ ဖွင့်ပွဲ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောကြားဖွင့်လှစ်ပေးသည်။ ညီလာခံဂုဏ်ပြုညစာစားပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်တက်ရောက်သည်။ ညီလာခံတွင် ဗဟိုရွေးချယ်တင်မြောက်ရေးအဖွဲ့ဥက္ကဌပါမောက္ခဦးမင်းဘိုးငြိမ်း၊ အတွင်းရေးမှူးဒေါ်အုန်းရီ(ငြိမ်း)၊ တွဲဖက် အတွင်းရေးမှူး ဦးဂင်ဂေါခိုင်၊ အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း၊ အဖွဲ့ဝင်ဦးငွေကြည်တို့၏ ကြီးကြပ်မှုဖြင့် ၂၀၁၉ […]

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်များ အထိမ်းအမှတ် အခမ်းအနားများကျင်းပခြင်း

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် နိုင်ငံတော်အစိုးရက ပြည်ထောင်စုအဆင့်ပြည်တွင်းလူမှုရေးအသင်းဖွဲ့ (Non Government Orgznization-NG) အဖြစ် အသင်းအဖွဲ့မှတ်ပုံတင်အမှတ် ၁/ ပြည်တွင်း/၀၀၀၉ ဖြင့် အသိအမှတ်ပြုထားသောအသင်းဖြစ်သည်။ နိုင်ငံတော်က ကျင်းကလေ့ရှိသော ကျန်းမားရေးဆိုင်ရာ အထိမ်းအမှတ်အခမ်းအနားများကိုလည်း မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းက နှစ်စဉ်ဂုဏ်ပြုကျင်းကသည်။ နှစ်စဉ် သြဂုတ်လတိုင်း အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်များ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်င့သူနာပြုနှင့်သားဖွားအသင်း နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အသင်းအဆင့်ဆင့်ကလည် အနှစ်သာရရှိရှိ မပျက်မကွက်ကျင်းပသည်။ အခမ်းအနားများတွင် စဉ်ဆက်မပြတ်သူနာပြု၊သားဖွားပညာရေးဟောပြောပွဲများ၊ နိုင်ငံတော်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်များနှင် ပက်သက်၍ နှစ်စဉ် ထုတ်ပြန်သောဆောင်ပုဒ်များ၏အနှစ်သာရအတိုင်း သူနာပြုစုမှုပညာရပ်များ ဆက်နွယ်ဆွေးနွေးဟောပြောခြင်း၊ အာဟာရအသိပညာဟောပြောပွဲများ၊ အသိပညာဉာဏ်စမ်းပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ မိခင်နှင့်ကလေး ကျန်းမာရေးဆန်းစစ်ပြိုင်ပွဲများစသည့်ဖြင့် ကျင်းကကာ ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ မိခင်လောင်းများ၊ ဖခင်လောင်းများအား အသိပညာပေးခြင်း၊ အထောက်အကူပြုပစ္စည်းများပေးအပ်ခြင်းများတို့ကို အစီအစဉ်တွင် ထည့်သွင်းကျင်းပသည်။

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်း

Venue Hall Yangon, Yangon, Myanmar

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ လူထုအခြေပြုအိမ်တွင်းပြုစုမှုစီမံချက် Community Home Based Care Project ဖြင့် ၂၀၀၂ ခုနှစ်မှ စတင်၍ ဆယ်စုကျော် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ် ၁၈ မြို့နယ်တွင် ဆောင်ရွက်အောင်မြင်ခဲ့သည်။ ထိုစဉ်က ဆောင်ရွက်ရရှိခဲ့သည့် AIDS ရောဂါဖြစ်ပွားသူများအား အိမ်တိုင်ရာရောက် သွားရောက် ပြုစုပေးခြင်းနည်းဗျူဟာများ၊ အတွေ့အကြုံများကို နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသော World AIDS Day အထိမ်းအမှတ်အခမ်းအနားများတွင် မျှဝေခြင်း၊ AIDS ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးမှုများ ဆွေးနွေးဟောပြောခြင်း၊ မိခင်များ၊ မိခင်လောင်းများ၊ ဆယ်ကျော်သက်လူငယ်များ၊ အလုပ်သမားများ၊ ကျောင်းသားကျောင်းသူလူငယ်များ စသည့်ဖြင့် AIDS ပိုးနှင့်ရောဂါများ အကြောင်း ကျန်းမားရေးအသိပညာ ထဲထဲဝင်ဝင် ရရှိအောင်ဆောင်ရွက်ခြင်းများကို အထိမ်းအမှတ် အခမ်းအနားနှင့်အတူ […]

အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့များ ကျင်းပခြင်း

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် အပြည်ပြည်ဆိုင်ရာသူနာပြုနှင့်သားဖွားကောင်စီ (International Council of Nurses - ICN) အဖွဲ့ဝင်အဖြစ် ၁၉၆၁ ခုနှစ်၊ဧပြီလ(၂၁)ရက်တွင် ၂၄ကြိမ်မြောက် အပြည်ပြညဆိုင်ရာသူနာပြုကောင်စီညီလာခံ၌ အသိအမှတ်ပြုလွှာပေးအပ်ကာ အသိအမှတ်ပြုခြင်းခံရသည်။ထို့အတူ အပြည်ပြည်ဆိုင်ရာသားဖွားကောင်စီ (International Confederation of Midwives- ICM) အဖွဲ့ဝင်အဖြစ်လည်း ၂၀၁၈ ခုနှစ်၊ မေလ (၂၉)ရက်တွင် ဝင်ခွင့်ရရှိခဲ့ပြီ ၂၀၁၈ ခုနှစ် ဇွန်လ(၂၇) ရက်နေ့တွင် အသိအမှတ်ပြုလွှာပေးအပ်ခဲ့သည်။ အသင်းသည် ICN နှင့် ICM အဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ နှစ်စဉ် မေလ ၅ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများနေ့ (International Day of Midwives-IDM) အထိမ်းအမှတ်အခမ်းအနား နှင့် မေလ၁၂ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ (International Nurses Day- […]

သူနာပြု/သားဖွားသက်ကြီးပူဇော်ပွဲကျင်းပခြင်း

Venue Hall Yangon, Yangon, Myanmar

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် အဘိုးအဖွားများဖြစ်ကြသည့် အသက် ၇၀နှစ်ပြည့်နှင့်အထက် သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ ဘက်စုံသားဖွားဆရာမများအား ဂါရဝတရား၊ နိဝါတ တရားတို့ဖြင့် နှစ်စဉ်ပူဇော်ကန်တော့သည့် သက်ကြီးပူဇော်ပွဲကို ကျင်းပခဲ့ရာ ၃၇ ကြိမ်မြောက်ထိရှိပြီဖြစ်သည်။ တစ်ကြိမ်လျှင် သက်ကြီးဘိုးဘွား ၄၅၀ ဦးခန့် နှစ်စဉ်ပူဇော်ကန်တော့နိုင်ခဲ့သည်။ ပြည်နယ်နှင့်တိုင်းအသီးသီးရှိ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ ဆေးရုံးများ၊ ပြည်သူ့ကျန်းမးရေးဦးစီးဌာနများ၊ တပ်မတော်ဆေးရုံးကြီးများမှ မျိုးဆက်သစ်သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ ဘက်စုံသားဖွားဆရာမများက သဒ္ဓါတရားကြီးမားစွာဖြင့် စုပေါင်းထည့်ဝင်လှူဒါန်းကြသော အလှူငွေများဖြင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း(ဗဟို)က ဦးဆောင်ကာ ပူဇော်ကန်တော့ကြခြင်းဖြစ်သည်။