Latest Past Events

သူနာပြု/သားဖွားသက်ကြီးပူဇော်ပွဲကျင်းပခြင်း

Venue Hall Yangon, Yangon

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် အဘိုးအဖွားများဖြစ်ကြသည့် အသက် ၇၀နှစ်ပြည့်နှင့်အထက် သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ ဘက်စုံသားဖွားဆရာမများအား ဂါရဝတရား၊ နိဝါတ တရားတို့ဖြင့် နှစ်စဉ်ပူဇော်ကန်တော့သည့် သက်ကြီးပူဇော်ပွဲကို ကျင်းပခဲ့ရာ ၃၇ ကြိမ်မြောက်ထိရှိပြီဖြစ်သည်။ တစ်ကြိမ်လျှင် သက်ကြီးဘိုးဘွား ၄၅၀ ဦးခန့် နှစ်စဉ်ပူဇော်ကန်တော့နိုင်ခဲ့သည်။ ပြည်နယ်နှင့်တိုင်းအသီးသီးရှိ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ ဆေးရုံးများ၊ ပြည်သူ့ကျန်းမးရေးဦးစီးဌာနများ၊ တပ်မတော်ဆေးရုံးကြီးများမှ မျိုးဆက်သစ်သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ ဘက်စုံသားဖွားဆရာမများက သဒ္ဓါတရားကြီးမားစွာဖြင့် […]

အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့များ ကျင်းပခြင်း

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် အပြည်ပြည်ဆိုင်ရာသူနာပြုနှင့်သားဖွားကောင်စီ (International Council of Nurses - ICN) အဖွဲ့ဝင်အဖြစ် ၁၉၆၁ ခုနှစ်၊ဧပြီလ(၂၁)ရက်တွင် ၂၄ကြိမ်မြောက် အပြည်ပြညဆိုင်ရာသူနာပြုကောင်စီညီလာခံ၌ အသိအမှတ်ပြုလွှာပေးအပ်ကာ အသိအမှတ်ပြုခြင်းခံရသည်။ထို့အတူ အပြည်ပြည်ဆိုင်ရာသားဖွားကောင်စီ (International Confederation of Midwives- ICM) အဖွဲ့ဝင်အဖြစ်လည်း ၂၀၁၈ ခုနှစ်၊ မေလ (၂၉)ရက်တွင် ဝင်ခွင့်ရရှိခဲ့ပြီ ၂၀၁၈ ခုနှစ် ဇွန်လ(၂၇) […]

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်များ အထိမ်းအမှတ် အခမ်းအနားများကျင်းပခြင်း

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် နိုင်ငံတော်အစိုးရက ပြည်ထောင်စုအဆင့်ပြည်တွင်းလူမှုရေးအသင်းဖွဲ့ (Non Government Orgznization-NG) အဖြစ် အသင်းအဖွဲ့မှတ်ပုံတင်အမှတ် ၁/ ပြည်တွင်း/၀၀၀၉ ဖြင့် အသိအမှတ်ပြုထားသောအသင်းဖြစ်သည်။ နိုင်ငံတော်က ကျင်းကလေ့ရှိသော ကျန်းမားရေးဆိုင်ရာ အထိမ်းအမှတ်အခမ်းအနားများကိုလည်း မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းက နှစ်စဉ်ဂုဏ်ပြုကျင်းကသည်။ နှစ်စဉ် သြဂုတ်လတိုင်း အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်များ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်င့သူနာပြုနှင့်သားဖွားအသင်း နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အသင်းအဆင့်ဆင့်ကလည် အနှစ်သာရရှိရှိ မပျက်မကွက်ကျင်းပသည်။ အခမ်းအနားများတွင် […]