Latest Past Events

သူနာပြု/သားဖွားသက်ကြီးပူဇော်ပွဲကျင်းပခြင်း

Venue Hall Yangon, Yangon

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် အဘိုးအဖွားများဖြစ်ကြသည့် အသက် ၇၀နှစ်ပြည့်နှင့်အထက် သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ ဘက်စုံသားဖွားဆရာမများအား ဂါရဝတရား၊ နိဝါတ တရားတို့ဖြင့် နှစ်စဉ်ပူဇော်ကန်တော့သည့် သက်ကြီးပူဇော်ပွဲကို ကျင်းပခဲ့ရာ ၃၇ ကြိမ်မြောက်ထိရှိပြီဖြစ်သည်။ တစ်ကြိမ်လျှင် သက်ကြီးဘိုးဘွား ၄၅၀ ဦးခန့် နှစ်စဉ်ပူဇော်ကန်တော့နိုင်ခဲ့သည်။ ပြည်နယ်နှင့်တိုင်းအသီးသီးရှိ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ ဆေးရုံးများ၊ ပြည်သူ့ကျန်းမးရေးဦးစီးဌာနများ၊ တပ်မတော်ဆေးရုံးကြီးများမှ မျိုးဆက်သစ်သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ ဘက်စုံသားဖွားဆရာမများက သဒ္ဓါတရားကြီးမားစွာဖြင့် စုပေါင်းထည့်ဝင်လှူဒါန်းကြသော အလှူငွေများဖြင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း(ဗဟို)က ဦးဆောင်ကာ ပူဇော်ကန်တော့ကြခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့များ ကျင်းပခြင်း

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် အပြည်ပြည်ဆိုင်ရာသူနာပြုနှင့်သားဖွားကောင်စီ (International Council of Nurses - ICN) အဖွဲ့ဝင်အဖြစ် ၁၉၆၁ ခုနှစ်၊ဧပြီလ(၂၁)ရက်တွင် ၂၄ကြိမ်မြောက် အပြည်ပြညဆိုင်ရာသူနာပြုကောင်စီညီလာခံ၌ အသိအမှတ်ပြုလွှာပေးအပ်ကာ အသိအမှတ်ပြုခြင်းခံရသည်။ထို့အတူ အပြည်ပြည်ဆိုင်ရာသားဖွားကောင်စီ (International Confederation of Midwives- ICM) အဖွဲ့ဝင်အဖြစ်လည်း ၂၀၁၈ ခုနှစ်၊ မေလ (၂၉)ရက်တွင် ဝင်ခွင့်ရရှိခဲ့ပြီ ၂၀၁၈ ခုနှစ် ဇွန်လ(၂၇) ရက်နေ့တွင် အသိအမှတ်ပြုလွှာပေးအပ်ခဲ့သည်။ အသင်းသည် ICN နှင့် ICM အဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ နှစ်စဉ် မေလ ၅ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများနေ့ (International Day of Midwives-IDM) အထိမ်းအမှတ်အခမ်းအနား နှင့် မေလ၁၂ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ (International Nurses Day- […]

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်များ အထိမ်းအမှတ် အခမ်းအနားများကျင်းပခြင်း

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် နိုင်ငံတော်အစိုးရက ပြည်ထောင်စုအဆင့်ပြည်တွင်းလူမှုရေးအသင်းဖွဲ့ (Non Government Orgznization-NG) အဖြစ် အသင်းအဖွဲ့မှတ်ပုံတင်အမှတ် ၁/ ပြည်တွင်း/၀၀၀၉ ဖြင့် အသိအမှတ်ပြုထားသောအသင်းဖြစ်သည်။ နိုင်ငံတော်က ကျင်းကလေ့ရှိသော ကျန်းမားရေးဆိုင်ရာ အထိမ်းအမှတ်အခမ်းအနားများကိုလည်း မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းက နှစ်စဉ်ဂုဏ်ပြုကျင်းကသည်။ နှစ်စဉ် သြဂုတ်လတိုင်း အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်များ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်င့သူနာပြုနှင့်သားဖွားအသင်း နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အသင်းအဆင့်ဆင့်ကလည် အနှစ်သာရရှိရှိ မပျက်မကွက်ကျင်းပသည်။ အခမ်းအနားများတွင် စဉ်ဆက်မပြတ်သူနာပြု၊သားဖွားပညာရေးဟောပြောပွဲများ၊ နိုင်ငံတော်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်များနှင် ပက်သက်၍ နှစ်စဉ် ထုတ်ပြန်သောဆောင်ပုဒ်များ၏အနှစ်သာရအတိုင်း သူနာပြုစုမှုပညာရပ်များ ဆက်နွယ်ဆွေးနွေးဟောပြောခြင်း၊ အာဟာရအသိပညာဟောပြောပွဲများ၊ အသိပညာဉာဏ်စမ်းပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ မိခင်နှင့်ကလေး ကျန်းမာရေးဆန်းစစ်ပြိုင်ပွဲများစသည့်ဖြင့် ကျင်းကကာ ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ မိခင်လောင်းများ၊ ဖခင်လောင်းများအား အသိပညာပေးခြင်း၊ အထောက်အကူပြုပစ္စည်းများပေးအပ်ခြင်းများတို့ကို အစီအစဉ်တွင် ထည့်သွင်းကျင်းပသည်။