
- This event has passed.
ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်း
December 1, 2020 @ 8:00 am - 5:00 pm

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ လူထုအခြေပြုအိမ်တွင်းပြုစုမှုစီမံချက် Community Home Based Care Project ဖြင့် ၂၀၀၂ ခုနှစ်မှ စတင်၍ ဆယ်စုကျော် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ် ၁၈ မြို့နယ်တွင် ဆောင်ရွက်အောင်မြင်ခဲ့သည်။ ထိုစဉ်က ဆောင်ရွက်ရရှိခဲ့သည့် AIDS ရောဂါဖြစ်ပွားသူများအား အိမ်တိုင်ရာရောက် သွားရောက် ပြုစုပေးခြင်းနည်းဗျူဟာများ၊ အတွေ့အကြုံများကို နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသော World AIDS Day အထိမ်းအမှတ်အခမ်းအနားများတွင် မျှဝေခြင်း၊ AIDS ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးမှုများ ဆွေးနွေးဟောပြောခြင်း၊ မိခင်များ၊ မိခင်လောင်းများ၊ ဆယ်ကျော်သက်လူငယ်များ၊ အလုပ်သမားများ၊ ကျောင်းသားကျောင်းသူလူငယ်များ စသည့်ဖြင့် AIDS ပိုးနှင့်ရောဂါများ အကြောင်း ကျန်းမားရေးအသိပညာ ထဲထဲဝင်ဝင် ရရှိအောင်ဆောင်ရွက်ခြင်းများကို အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ဆောင်ရွက်သည်။