Loading Events

« All Events

  • This event has passed.

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်း

December 1, 2020 @ 8:00 am - 5:00 pm
Celebration of World Immunization Day
မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ လူထုအခြေပြုအိမ်တွင်းပြုစုမှုစီမံချက် Community Home Based Care Project ဖြင့် ၂၀၀၂ ခုနှစ်မှ စတင်၍ ဆယ်စုကျော် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ် ၁၈ မြို့နယ်တွင် ဆောင်ရွက်အောင်မြင်ခဲ့သည်။ ထိုစဉ်က ဆောင်ရွက်ရရှိခဲ့သည့် AIDS ရောဂါဖြစ်ပွားသူများအား အိမ်တိုင်ရာရောက် သွားရောက် ပြုစုပေးခြင်းနည်းဗျူဟာများ၊ အတွေ့အကြုံများကို နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသော World AIDS Day အထိမ်းအမှတ်အခမ်းအနားများတွင် မျှဝေခြင်း၊ AIDS ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးမှုများ ဆွေးနွေးဟောပြောခြင်း၊ မိခင်များ၊ မိခင်လောင်းများ၊ ဆယ်ကျော်သက်လူငယ်များ၊ အလုပ်သမားများ၊ ကျောင်းသားကျောင်းသူလူငယ်များ စသည့်ဖြင့် AIDS ပိုးနှင့်ရောဂါများ အကြောင်း ကျန်းမားရေးအသိပညာ ထဲထဲဝင်ဝင် ရရှိအောင်ဆောင်ရွက်ခြင်းများကို အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ဆောင်ရွက်သည်။

Details

  • Date: December 1, 2020
  • Time:
    8:00 am - 5:00 pm

Organizer

Venue