Loading Events

« All Events

  • This event has passed.

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း(၅၄)ကြိမ်မြောက် ညီလာခံ ကျင်းပခြင်း

January 25, 2019 @ 8:00 am - January 27, 2019 @ 5:00 pm

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် အသင်း၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြဌာန်းချက်အရ အသင်း၏နှစ်ပတ်လည်အစည်းအဝေးကို ၁နှစ်လျှင် တစ်ကြိမ် ကျင်းပရပြီး ညီလာခံကို ၄နှစ်လျှင် တစ်ကြိမ်ကျင်းပရသည်။ ထူးခြားချက်မှာ ညီလာခံတွင် ဗဟိုအုပ်အမှုဆောင်အဖွဲ့ကို ဗဟိုရွေးချယ်တင်မြောက်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒီမိုကရေးစီနည်းလမ်းတကျ ရွေးချယ်တင်မြှောက်ရသည်။ လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ ပဌာန်းချက်များအရ အထူးအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။ ၂၀၀၉ခုနှစ်သည် အသင်း၏ ၅၄ ကြိမ်မြောက်ညီလာခံကို ကျင်းကရမည့် နှစ်ဖြစ်သဖြင့် ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့မှ ၂၇ရက်နေ့ထိ ညီလာခံကျင်းပခဲ့ရာ ဖွင့်ပွဲ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောကြားဖွင့်လှစ်ပေးသည်။ ညီလာခံဂုဏ်ပြုညစာစားပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်တက်ရောက်သည်။ ညီလာခံတွင် ဗဟိုရွေးချယ်တင်မြောက်ရေးအဖွဲ့ဥက္ကဌပါမောက္ခဦးမင်းဘိုးငြိမ်း၊ အတွင်းရေးမှူးဒေါ်အုန်းရီ(ငြိမ်း)၊ တွဲဖက် အတွင်းရေးမှူး ဦးဂင်ဂေါခိုင်၊ အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း၊ အဖွဲ့ဝင်ဦးငွေကြည်တို့၏ ကြီးကြပ်မှုဖြင့် ၂၀၁၉ မှ ၂၀၂၃ အထိ လေးနှစ်သက်တမ်းအတွက် ဗဟို အဖွဲ့(ခရိုင်သူနာပြုနှင့်သားဖွားအသင်းဥက္ကဌများ) နှင့် ဥက္ကဌပါမောက္ခဒေါ်ရင်မြဦးဆောင်သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့သစ်(၁၅)ဦးကို ရွေးချယ်တင်မြှောက်အတည်ပြုပေးခဲ့သည်။ ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏နှစ်ပတ်လည်အစီရင်ခံစာနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးသူနာပြုနှင့်သားဖွားအသင်းများတို့၏ နှစ်ပတ်လည်အစီရင်ခံစာများကိုလည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းများကို လည်းကောင်း၊ အသင်း၏ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ ဖတ်ကြားအတည်ပြုနိုင်ခဲ့သည်။ ထို့အပြင် ပညာရေးအစီအစဉ်များဆောင်ရွက်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲတွင် နိုင်ငံကျော်အနုပညာရှင်များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အနုပညာရှင်များ၏ အဆို၊ အကများ ဖြင့်ဖျော်ဖြေခြင်းများကိုဆောင်ရွက်ခဲ့သည်။

Details

Start:
January 25, 2019 @ 8:00 am
End:
January 27, 2019 @ 5:00 pm
Event Category:

Organizer

MNMA
Phone:
(+95) 01-388631
Email:
mnacentral@gmail.com
View Organizer Website

Venue

Venue Hall
Yangon
Yangon, Myanmar
+ Google Map