မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် အပြည်ပြည်ဆိုင်ရာသူနာပြုနှင့်သားဖွားကောင်စီ (International Council of Nurses – ICN) အဖွဲ့ဝင်အဖြစ် ၁၉၆၁ ခုနှစ်၊ဧပြီလ(၂၁)ရက်တွင် ၂၄ကြိမ်မြောက် အပြည်ပြညဆိုင်ရာသူနာပြုကောင်စီညီလာခံ၌ အသိအမှတ်ပြုလွှာပေးအပ်ကာ အသိအမှတ်ပြုခြင်းခံရသည်။ထို့အတူ အပြည်ပြည်ဆိုင်ရာသားဖွားကောင်စီ (International Confederation of Midwives-
ICM) အဖွဲ့ဝင်အဖြစ်လည်း ၂၀၁၈ ခုနှစ်၊ မေလ (၂၉)ရက်တွင် ဝင်ခွင့်ရရှိခဲ့ပြီ ၂၀၁၈ ခုနှစ် ဇွန်လ(၂၇) ရက်နေ့တွင် အသိအမှတ်ပြုလွှာပေးအပ်ခဲ့သည်။ အသင်းသည် ICN နှင့် ICM အဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ နှစ်စဉ် မေလ ၅ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများနေ့ (International Day of Midwives-IDM) အထိမ်းအမှတ်အခမ်းအနား နှင့် မေလ၁၂ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ (International Nurses Day- IND) အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်နှစ်တိုင်း အနှစ်သာရရှိရှိ စီကားသိုက်မြိုက်စွာ တခန်းတနားကျင်းပခဲ့သည်။ ICN နှင့် ICM တို့ကပေးပို့လာသော ဆောင်ပုဒ်များကို မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းက မြန်မာမှုပြုကာ ဆောင်ပုဒ်၏အဓိပ္ပါယ်အတိုင်း သူပြုစုမှုပညာမျှဝေခြင်းအဖြစ် ဟောပြောဆွေးနွေးခြင်း၊ ICN နှင့် ICM ဥက္ကဌတို့မှပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြားရှင်းလင်းခြင်း၊ ဘက်စုံသားဖွားဆရာမများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သူနာပြုများအတွက် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေး အစီအစဉ်များ ပြုလုပ်ခြင်း၊ ၎င်းတို့အချင်းချင်း အပြန်အလှန်အတွေ့အကြုံများဖလှယ်ခြင်းအစီအစဥများ ဆောင်ရွက်ခြင်းအစီအစဉ်များကို အထိမ်းအမှတ်အခမ်းအနားများနှင့်အတူ ပြုလုပ်ကျင်းပခဲပသည်။ ထို့အတူ ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ သူနာပြုနှင့်သားဖွားအသင်းမျာထံသို့ ဗဟိုအသင်းဥက္ကဌက ဂုဏ်ပြုသဝဏ်လွှာများ နှစ်စဉ်ပေးပို့ခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသာကြီးများရှိ သူနာပြုနှင့်သားဖွားအသင်းများက လည် ICN , ICM အထိမ်းအမှတ်အခမ်းအနားများကို ဗဟိုအသင်းနည်းတူ နှစ်စဉ်ဂုဏ်ပြုကျင်းပကြသည်။