MNAMA နှင့် CHA-YI Christian Hospital တို့ပူးပေါင်းကျင်းပသော Childbirth Education Training Workshop ဖွင့်ပွဲအခမ်းအနား

Jan 9, 2020 | News | 0 comments

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းသည် စဉ်ဆက်မပြတ်သူနာပြု၊သားဖွားပညာရေးအစီအစဉ်အဖြစ်
CHA-YI Christian Hospitl နှင့်ပူးပေါင်း၍ Childbirth Education Training Workshop ကို ၇-၁-၂၀၂၀ ရက်နေ့မှ ၉-၁-၂၀၂၀ ရက်နေ့အထိ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၁)လမ်း၊ ၆၄ ရပ်ကွက်ရှိ အေးရိပ်ငြိမ်ဝင်းအတွင်း Education Center ၌ကျင်းပသည်။ Training Workshop ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း ဥက္ကပါမောက္ခဒေါ်ရင်မြနှင့် အလုပ်အမှုဆောင်အဖွင့်ဝင်များ၊ CHA-YI Christian Hospitl မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့ပေါ်ရှိမြို့နယ်ပြည်သူကျန်းမားရေးဦးစီးဌာနများမှ စေလွှတ်သော သူနာပြုနှင့်သားဖွားအသင်းဝင် မြို့နယ်သူနာပြု အဆင့်(၁)များ၊ အမျိုးသမီးကျန်းမာရေးဆရာမများနှင့် ဘက်စုံသားဖွားဆရာမများ ၂၆ ဦးတို့ တက်ရောက်ကြသည်။ အသင်းဥက္ကဌပါမောက္ခဒေါ်ရင်မြနှင့် CHA-YI Christian Hospitl မှ တာဝန်ရှိသူက အဖွင့်အမှာစကားများ ပြောကြားဖွင့်လှစ်ပေးပြီး ၃ ရက်တာ ဆွေးနွေးပွဲသင်တန်းကို CHA-YI Christian Hospitl မှ သင်တန်းဆရာ/ဆရာမများက ဦးဆောင်ပြုလုပ်သည်။ ၉-၁-၂၀၂၀ ရက်နေ့တွင် အသင်းဥက္ကဌနှင့်တာဝန်ရှိသူများက ဆွေးနွေးပွဲသင်တန်းဆင်း အသိအမှတ်ပြုလွှာများကို ပေးအပ်ခဲ့သည်။

MNAMA နှင့် CHA-YI Christian Hospital တို့ပူးပေါင်းကျင်းပသော Childbirth Education Training Workshop ဖွင့်ပွဲအခမ်းအနားတွင် အသင်းဥက္ကဌ ပါမောက္ခဒေါ်ရင်မြက အမှာစကားပြောကြားစဉ် (၇-၉ ဇန်နဝါရီ ၂၀၂၀)

MNAMA နှင့် CHA-YI Christian Hospital တို့ပူးပေါင်းကျင်းပသော Childbirth Education Training Workshop ဖွင့်ပွဲအခမ်းအနား

MNAMA နှင့် CHA-YI Christian Hospital တို့ပူးပေါင်းကျင်းပသော Childbirth Education Training Workshop ဖွင့်ပွဲအခမ်းအနားအမှတ်တရ

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *